သင်တန်းအကြောင်း

ကျွန်ုပ်တို့သင်တန်းအကြောင်း

学校について

りん・日本語学校では、ミャンマーの子供たちをはじめ、日本に留学しに行きたい学生や日本で働きたい若者たちを対象に日本語を基礎から教え、日本文化の体験活動や日本での暮らしについての情報提供等にも力を入れています。皆様のご関心を心より感謝し、お待ちしています。

LIN Japanese Language & Training Center ၏ နိုင်ငံတကာ ဂျပန်စာသင်ရိုးညွှန်းတမ်းများ အပေါ်တွင် အခြေခံကာသင်ကြားပေးမှုများအပြင် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု၊ လုပ်ငန်းခွင်အလေ့အထများအကြောင်းကို မျှဝေပေးနိုင်မှုများကြောင့် သင်တန်းတည်ထောင်ချိန်မှစ၍ ယနေ့ထက်တိုင် အောင်မြင်သော သင်တန်းသားအမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

ဆက်လက်၍လည်း ဂျပန်နိုင်ငံတွင် ကျောင်းသွားတက်လိုသူများ၊ ဂျပန်နိုင်ငံတွင် ဝင်ငွေကောင်းစွာ အလုပ်လုပ်လိုသူများအပြင် ဂျပန်စာနှင့် ဂျပန်ယဉ်ကျေးမှုကိုချစ်မြတ်နိုးသော လူငယ်လူရွယ်များအားလုံးအတွက် ကျွန်ုပ်တို့ LIN Japanese Language & Training Center အနေဖြင့် ဆက်လက် ကူညီဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

နှုတ်ခွန်းဆက်စကား

ကျမအနေနဲ့ဂျပန်စာအသံထွက်ကိုကြိုက်နှစ်သက်ရာမှ ၂၀၁၂ခုနှစ်တွင် ဂျပန်စာကိုစတင်လေ့လာခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်အထိလဲ လေ့လာနေဆဲပါ။

ယခုအချိန်အခါမှာ မြန်မာပြည်တွင်း ဂျပန်စာလေ့လာသူများ အများအပြားရှိလာတာကို တွေ့ရပါတယ်။

အလုပ်လုပ်ဖို့၊ကျောင်းသွားတက်ချင်လို့ စသည့်ရည်ရွယ်ချက်မျိုးစုံဖြင့် ဂျပန်စာကိုစတင်လေ့လာမည့်သူများအတွက် တထောင့်တနေရာကနေအထောက်အပံ့ပေးနိုင်ရန်ရည်ရွယ်ပြီး LIN(LJLTC)ကျောင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ကျောင်းကိုယုံကြည်စွာဖြင့် ရောက်လာသူ ကျောင်းသူ/ကျောင်းသားတိုင်းကို ဂျပန်စာကိုချစ်ပြီးလေ့လာနိုင်ရန် ကျောင်းအနေနဲ့ကူညီပေးသွားမှာပါ။

သင့်အနာဂတ်လှပဖို့ဂျပန်စာသင်ကြစို့”ဆိုတဲ့ LINကျောင်းရဲ့ဆောင်ပုဒ်လေးအတိုင်းဂျပန်စာလေ့လာမည့်ကျောင်းသူ/ကျောင်းသားတိုင်းရဲ့အနာဂတ်လမ်းအတွက်အထောက်အပံ့လေးဖြစ်မယ်ဆိုရင် ဝမ်းသာပိတီဖြစ်ရပါတယ်။

ဒေါ်ငြိမ်းငြိမ်းထွေး
သင်တန်းတည်ထောင်သူ
LIN Japanese Language & Training Center

ဒေါ်ငြိမ်းငြိမ်းထွေး၏ ကိုယ်ရေးအကျဉ်း

ဆရာမ ဒေါ်ငြိမ်းငြိမ်းထွေးသည် B.Ed(Q), B.A(Eco) ဖြင့် ဘွဲ့ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ဆရာမ အလုပ်ကို၄နှစ်ကြာ လုပ်ဆောင်ခဲ့ပါသည်။

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ KUMAGAI GUMI Co., Ltd ၏ ဂျပန်ရုံးချုပ်နှင့်မြန်မာရုံးခွဲတွင် ၅နှစ်ကြာ စကားပြန်တာဝန်နှင့် စီမံရေးရာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

လူငယ်လူရွယ်များ တိုးတက်အောင်မြင်ရေးအတွက် ဆန္ဒပြင်းပြသူဖြစ်သည့်အလျောက် မိမိလေ့လာတတ်ကျွမ်းထားသော ဂျပန်ဘာသာစကားကို ပြန်လည်မျှဝေသင်ကြားလာသည်မှာ ၇နှစ်ကျော်ပြီဖြစ်သည်။

ကျောင်းစာပြင်ပ အစီအစဉ်များ