သင်တန်းများ
သင်တန်းတည်ထောင်သူ ဒေါ်ငြိမ်းငြိမ်းထွေးအနေဖြင့် ဂျပန်နိုင်ငံမှ ရရှိခဲ့သော အတွေ့အကြုံနှင့်ကျောင်းဆရာမဘဝမှရရှိခဲ့သောအတွေ့အကြုံများကိုပေါင်းစပ်လျက်ကျောင်းသားတစ်ဦးချင်းစီ၏ အားသာချက်၊အားနည်းချက်ကိုကြည့်၍ မတူညီသောသင်နည်းများဖြင့်ဂျပန်စာကို တနစ်တကျ အလွယ်တကူလေ့လာသင်ယူနိုင်ရန် လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။
ထို့အပြင် ကျောင်းသား ကျောင်းသူတစ်ဦးစီ၏ တတ်မြောက်မှုအတွက် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲများအား အပတ်စဉ်ပြုလုပ်ပေးပါသည်။
သင်တန်းများ
- ဂျန်ပန်စာ အခြေခံမှ အဆင်မြင့်အထိ သင်တန်း ပုံမှန်တန်းခွဲများ
- ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများအတွက် အထူးသီးသန့်သင်တန်းများ
- အုပ်စုလိုက် သီးသန့်သင်တန်းများ
- JLPT, JFT အစရှိသော ဂျပန်နိုင်ငံအသိအမှတ်ပြုစာမေးပွဲများအတွက် ကြိုတင်ပြင်ဆင်မှုသင်တန်းများ
ကလေးငယ်များအတွက် ဂျပန်စာသင်တန်းများ
ဘာသာစကားသင်ယူရန်လွယ်ကူသော အသက်၅နှစ်အရွယ် ကလေးများမှစ၍ ဂျပန်ဘာစာစကားစွမ်းရည်ကို ကျောင်းမှကိုယ်ပိုင်သင်ရိုးရေးဆွဲကာ သင်ကြားပေးလျက်ရှိပါသည်။
သင်ကြားမှုပုံစံ
ကျောင်းသူကျောင်းသားများ၏ အဆင်ပြေမှုပေါ်တွင်မူတည်၍ ပုံမှန် စာသင်ခန်းသင်တန်းများနှင့် အွန်လိုင်းသင်တန်းများကို စိတ်ကြိုက်ရွေးချယ်အပ်နှံနိုင်ပါသည်။